Skip to content

Latest commit

 

History

History
44 lines (27 loc) · 3.83 KB

part_01_installation.md

File metadata and controls

44 lines (27 loc) · 3.83 KB

Installation

How to insall on linux

Linux မှာ install ဖို့အတွက် အောက်က command ကို terminal ထဲရိုက်ထည့်လိုက်ပါ။

curl --proto '=https' --tlsv1.2 https://sh.rustup.rs -sSf | sh

Command က script ကို download ပြီးတော့ rustup ကို install ပါလိမ့်မယ်။ installation က အဆင်ပြေတယ်ဆိုရင် ပြီးသွားတဲ့အခါ Rust is installed now. Great! ဆိုတဲ့စာသားကိုမြင်တွေ့ရမှာဖြစ်ပါတယ်။

Rust install တာအဆင်ပြေမပြေစစ်ဖို့အတွက် rustup --versio, rustc --version နဲ့ cargo --version ဆိုတဲ့ command တွေကို terminal ထဲရိုက်ထည့်လိုက်ကြည့်ပါ။ အောက်မှာပြထားတဲ့အတိုင်းတွေ့ရတယ်ဆိုအဆင်ပြေပါပြီ။

(base) aung@aung:~$ rustup --version
rustup 1.22.1 (b01adbbc3 2020-07-08)
(base) aung@aung:~$ rustc --version
rustc 1.47.0 (18bf6b4f0 2020-10-07)
(base) aung@aung:~$ cargo --version
cargo 1.47.0 (f3c7e066a 2020-08-28)
  • rustup ဆိုတာက rust version တွေနဲ့ toolchains တွေကို စီမံဖို့ အသုံးပြုရတဲ့ command line program တစ်ခုပဲဖြစ်ပါတယ်။ Rust ကို update လုပ်ဖို့ rustup update ဆိုတဲ့ command ကို အသုံးပြုနိုင်ပြီး rustup self uninstall command ကိုသုံးပြီးတော့လည်း Rust ကို uninstall နိုင်ပါတယ်။ rustup doc command သုံးပြီးတော့လည်း စက်ထဲမှာ install ထားတဲ့ documentation တွေကို offline အနေနဲ့ဖတ်နိင်ပါတယ်။

  • rustc ဆိုတာကတော့ Rust compiler ဖြစ်ပြီး rust source ကို binary code အဖြစ် ပြောင်းပေးတဲ့ program ဖြစ်ပါတယ်။

  • cargo ဆိုတာကတော့ project management လုပ်ပေးတဲ့ program တစ်ခုပါ။ prject create တာ လိုအပ်တဲ့ library တွေကို ရယူတာတွေနဲ့ တခြားအသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေကိုလုပ်ပေးနိုင်ပါတယ်။


Linux machine မှာ rust စစသုံးချင်း compile မရတာတွေဖြစ်တတ်ပါတယ်။ အဲလိုဖြစ်လာမယ်ဆိုရင် gcc နဲ့ cmake စစ်ကြည့်လိုက်ပါ မရှိရင် install ပေးလိုက်တာနဲ့ အဆင်ပြေသွားမှာဖြစ်ပါတယ်။

the user forum နဲ့ stack overflow နေရာတွေမှာလည်း လိုအပ်တာတွေကိုဝင်ရောက်ရှာဖွေနိင်ပါတယ်။

Rust programming language official page မှာပြထားတဲ့အတိုင်းလိုက်လုပ်ပြီးလည်း install နိုင်ပါတယ်။

Windows user တွေအနေနဲ့ installနည်းကိုဒီမှာဝင်ကြည့်နိုင်ပါတယ်။


prev. Introduction

next. Hello, World!